SAFETY RESTRICTIONS IN PLACE: Please read our new policies before you visit. More details

About GAP
မြန်မာနိုင်ငံအနှံ့ အရည်အသွေးမြင့် သဘာဝ မြေသြဇာများအား ထုတ်လုပ် ရောင်းချပေးနေသည့် GAP သဘာဝမြေဩဇာမှ လှိုက်လှဲစွာ ကြိုဆိုပါသည်။ GAP သဘာဝ မြေဩဇာသည် Selected Star Agri business ဆိုသည့် ကုမ္ပဏီ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်ပါသည်။ GAP ဆိုသည့် အမှတ်တံဆိပ်မှာ Golden Arrow Power အားအတိုကောက် အနေဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။
ကုမ္ပဏီ CEO ၏ အမှာစကား
Selective Star Agribusiness Co..Ltd အား ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ ကုမ္ပဏီစတင်တည်ထောင်ပြီးအရည်အသွေးပြည့်ဝသော သဘာဝမြေသြဇာအား ထုတ်လုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်တွင် လုပ်ငန်းအား အခြေတည်ခဲ့ပါသည်။
ကုမ္ပဏီမှထုတ်လုပ်သော ပစ္စည်းများမှာ အရည်အသွေးပြည့်ဝမှု၊ စေတနာအရင်းခံဖြင့် ထုတ်လုပ်မှုများကြောင့် အချိန်တိုအတွင်း သုံးစွဲသူများ သိရှိလက်ခံလာခဲ့ကြသည်။ ယခုအချိန်တွင် Selective Star Agribusiness Co..Ltd မှ ထုတ်လုပ်လျှက်ရှိသော GAP သဘာဝမြေသြဇာကို မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ ရှမ်းပြည်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း စသည့်မြို့များတွင် ကိုယ်စား လှယ်များ ထားရှိကာ ဆိုင်ခွဲများဖွင့်လှစ်၍ ရောင်းချလျှက်ရှိပါသည်။

Daw Tin Tin Hla
(CEO)
"We believe in the power of progress. Every challenge is and opportunity to grow , Innovate, and pave the way for a brighter future "
မြေကောင်းမှ အပင်ကောင်းမည်

U Kyaw Tun
(Managing Director)
ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မြန်မာ နိုင်ငံရှိ တောင်သူများ ဓာတုကင်းစင်တဲ့ စိုက်ပျိုးရေး စနစ်ကို ကူးပြောင်း နိုင်ရေးအတွက် ဖြစ်ပါတယ်။
GAP ထုတ်ကုန်တွေကို ထုတ်လုပ်တဲ့နေရာမှာ 100% သဘာဝပစ္စည်းတွေ ကိုသာ အသုံးပြုထားပါတယ်။ ထုတ်ကုန်တွေ အားလုံးဟာ ဓာတုပစ္စည်းများ ထည့် သွင်းထားခြင်း အရှင်းမရှိပါ။ သဘာဝ ပစ္စည်းတွေရဲ့ စွမ်းအားတွေနဲ့ အရည် အသွေး မြင့် ထုတ်ကုန်တွေ အဖြစ် ထုတ်လုပ် နေခြင်း ဖြစ်ပါတယ်။ GAP ကထုတ်လုပ်တဲ့ ထုတ်ကုန်တွေအားလုံးဟာ ဓာတုပစ္စည်း ကင်းစင်ကြောင်း အာမခံပါတယ်။ အရည်အသွေး ကောင်းမွန်ပြီး စေတနာကို အခြေခံကာ ထုတ်လုပ်ထား တဲ့အတွက် အချိန်တို အတွင်း လူသိများလာပြီး သုံးစွဲသူတွေ လက်ခံလာခဲ့တဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ထုတ်ကုန်တွကို GAP အရောင်းကိုယ်စားလှယ်ခွဲတွေကနေ မြန်မာတစ်နိုင်ငံလုံး သို့ ဖြန့်ချိ ပေးနေ ပါတယ်။ စိုက်ပျိုးရေး ပညာရှင်ကြီးတွေ ဖြစ်တဲ့ ဆရာ ဒေါက်တာမြင့်လွင် (Chief Agri Consultant ) ဆရာဦးကျော်ရီ (Sustainable Agri Strategic Advisor) အစရှိတဲ့ ပညာရှင်ကြီးတွေ ခန့်အပ်ပြီး ပညာရှင်ကြီးတွေရဲ့ အကူအညီနဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ အရည် အသွေးတွေကို ထိမ်းသိမ်းနိုင်ရန် ဆောင်ရွက်လျှက်ရှိပါတယ်။
"Together, we are transforming agriculture into a smarter, more sustainable, and profitable industry"
Our Mission

(ကျွန်ုပ်တို့၏ ရည်မှန်းချက်)
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ စီးပွားရေး တိုးတက်မှုကို မောင်းနှင် ရုံသာမက မြန် မာ နိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး အသိုင်း အဝိုင်း၏ ရေရှည်အောင်မြင်မှု ကို အထောက် အကူ ပြုသည့် တည်တံ့သော စိုက်ပျိုးရေး ဂေဟစနစ် တစ်ခုကို တည် ဆောက်နိုင်ရန် ဖြစ်သည်။
ထို့အပြင် သီးနှံကြီးထွားမှုကို အားပေးကူညီရုံ သာမက သဘာဝပတ်ဝန်းကျင် ၏ မျှတမှုကိုပါ ထိန်းသိမ်း ပေးနိုင်သည့် ဆန်းသစ်သော ဇီဝမြေဩဇာ အသုံးပြုစေခြင်းဖြင့် ဖြေရှင်းနည်းများကို တောင် သူ လယ်သမားများထံ ပံ့ပိုးပေးခြင်း ဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး စနစ်ဆီသို့ ကူးပြောင်းရာတွင် အဓိကတွန်း အား တစ်ခု ဖြစ်လာစေရန် ဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်ထုတ် လုပ် မှု အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများ ဖြစ်ပေါ်စေရင်း တစ် ဖက်တွင်လည်း ကမ္ဘာမြေ၏ ဇီဝမျိုးကွဲ များကို ထိန်းသိမ်း စောင့်ရှောက်ရန် အ တွက် ကျွန်ုပ်တို့ ရည်ရွယ်ပါသည်။
Our Vision

(ကျွန်ုပ်တို့၏ ရည်ရွယ်ချက်)
Selective Star Agribusiness ၏ ရည် ရွယ် ချက်မှာ ရေရှည်တည်တံ့ပြီး သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည် ကောင်းမွန်စေမည့် စိုက်ပျိုးရေးဆိုင်ရာ ပြောင်းလဲ တိုးတက်မှုကို ဦးဆောင်လမ်းပြရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို ပြောင်း လဲရာတွင် ရှေ့ဆောင် လမ်းပြနိုင်သူ ဖြစ် လာစေရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် တို့အကြား ဟန်ချက် ညီသော ဆက်ဆံရေးကို ဖန်တီး မြှင့်တင်ပေးရန် ရည်မှန်းထားပါသည်။ ဆန်းသစ်တီထွင်ထားသော ဇီဝမြေဩဇာ (Organic Fertilizer) များမှ တစ်ဆင့်၊ ကမ္ဘာမြေကြီး၏ ကျန်းမာရေးကို ထိခိုက်စေခြင်း မရှိဘဲ အာဟာရဓာတ် ကြွယ်ဝပြီး ပေါများကြွယ်ဝသော သီးနှံအထွက်နှုန်း များကို ရရှိစေမည့် နည်းလမ်းများအား တောင်သူ လယ်သမားတိုင်း အသုံး ပြုနိုင်သည့် အသိုင်းအဝန်းတစ်ခု ဖြစ်လာစေရန် ကျွန်ုပ်တို့ မျှော်မှန်းထားပါသည်။
Selective Star Agribusiness သည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ သတိပြု ဂရုစိုက်မှုရှိသော စိုက်ပျိုးရေးစနစ်များဆီသို့ ကူးပြောင်း လာစေရန် လှုံ့ဆော် အားပေးလျက်ရှိပြီး၊ နောင်လာနောက်သား မျိုးဆက်များ အတွက် ပိုမိုစိမ်းလန်းစိုပြည်ကာ ကြံ့ခိုင်ခိုင်ခံ့သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးတွင် ပါဝင်ပံ့ပိုးလျက်ရှိပါသည်။
GAP ၏ စိုက်ပျိုးရေး ပညာရှင်ကြီးများ

ဆရာဒေါက်တာမြင့်လွင်
(Chief Agri Consultant )
သဘာဝစိုက်ပျိုးရေးလောကတွက် နှစ် 20 ကျော်အတွေ့အကြုံရှိပြီး တောင်သူများအား မြေဆီလွှာစီမံခန့်ခွဲမှုပညာ သင်ကြားပေးနေသူ။

ဆရာဦးကျော််ရီ
(Sustainable Agri Strategic Advisor)
စိုက်ပျိုးရေးပညာရှင်။ အော်ဂဲနစ်စံနှုန်းများနှင့် GAP ထုတ်ကုန်ဖော်မြူလာများ၏ အဓိကသုတေသီတစ်ဦး။