
SAFETY RESTRICTIONS IN PLACE: Please read our new policies before you visit. More details
GAP သဘာဝမြေသြဇာ
GAP သဘာဝမြေသြဇာသည် စွန်ပစ်လက်ဖက်ရွက်များကို အခြေခံပြီး ထုတ်လုပ်ထားသော သဘာ ဝအော်ဂဲနစ် မြေသြဇာဖြစ်ပြီး မြေပျက်ခြင်းကို ပြုပင်ပေး၊ကာကွယ်ပေးနိုင်သည်။ မြေ အချဥ်ဓာတ် အငန်ဓာတ်များကို ထိမ်းညှိ မျှတစေပြီး သီးနှံပင်မှ အဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေပါ သည်။ မြေဆီလွှာ၏ ရုပ်ဒြပ်နှင့် ဇီဝဂုဏ်သတ္တိများကို မူလအခြေ အနေထက်ပိုမို ကောင်း မွန် လာ စေနိုင်ပါသည်။
လက်ဖက်ရွက်များတွင်ပါရှိသော အကျိုးပြု အဏုဇီဝ အစွမ်းကြောင့် သီးနှံပင်များ၏ မြေဆောင် ရောဂါနှင့် ဖျက်ပိုးဒဏ်များကို ခံနိုင်ရည် ရှိပါသည်။ သီးနှံပင်၏ အရွက်အစိမ်းရောင်ကြာရှည်ခံပြီး အပင်အဟာရချို့တဲ့မှု မဖြစ်ပေါ်စေနိုင်ပါ။ သီးနှံပင် ဖွံဖြိုးမှုကို မြန်ဆန်စေပါသည်။ သီးနှံအထွက်နှုန်း ကိုလည်း သိသိသာသာတိုးတက်စေနိုင်ပါသည်။
GAP သဘာဝမြေသြဇာတွင် အဓိကအဟာရ ဖြစ်သော(NPK) ပါဝင်မှု အပြင် အနည်းလို (Ca, Mg, S, Organic Matter) နှင့် အကျိုးပြုဇီဝများ တိကျစွာ ထည့်သွင်း ထားသဖြင့် မိုးခေါင်ခြင်း၊ ရေငတ် ခြင်း၊ ရေကြီးခြင်းနှင့် ရာသီဥတုဖေါက်ပြန်မှု စရှိသည့် ဒါဏ်များကိုလည်း ခံနိုင်ရည်ရှိစေပါသည်။ ထွက်ရှိလာသော သီးနှံများသည်လည်း အရည်အသွေးကောင်းမွန်ကာ အလေးချိန်စီးပြီး တာရှည် အထား ခံနိုင်ပါသည်။ ပတ်ဝန်းကျင်၊ လူနှင့် သတ္တဝါများအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ အော်ဂဲနစ် စိုက်ခင်းများအတွက် အထူးစီမံထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။