
SAFETY RESTRICTIONS IN PLACE: Please read our new policies before you visit. More details
GAP-Products
GAP ၏ထုတ်ကုန်ပစ္စည်းများ
GAP ထုတ်ကုန်များအား (၅၀၄) အမြှောက်တပ်ရှေ့၊ ဒေါ်ပြားမှတ်တိုင်အနီး၊ အမှတ်(၂)လမ်းကြီး အရှေ့ဒဂုံ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ GAP သဘာဝမြေသြဇာစက်ရုံမှ တိုက်ရိုက် ထုတ်လုပ်လျှက် ရှိပါသည်။

Selective Star Agribusiness ကုမ္ပဏီသည် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ လယ်သမားများ၏ ကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များကို GAP သဘာဝမြေသြဇာဟုသောအမည်ဖြင့် ဂုဏ်ယူစွာ ထုတ်လုပ်ပေးလျှက်ရှိပါသည်။
ကျွန်ုပ်တို့ထုတ်လုပ်နေသော ထုတ်ကုန် ပစ္စည်းများသည် အရည်အသွေးမြင့် သဘာဝမြေဩဇာများ၊ ဖြစ်ကြပြီး တောင်သူလယ်သမားများအား စျေးကြီးသော ဓာတုမြေသြဇာများသုးစွဲနေခြင်းမှ သဘာဝမြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် အသုးပြုနိုင်ရန်ရည်ရွယ်ပြီးထုတ်လုပ်နေခြင်း ဖြစ်သည်။ GAP ထုတ်ကုန်များသည် စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းချက်များတွင် အောင်မြင်မှု များစွာရရှိနေပြီး သုံးစွဲသူတိုင်း၏ စိတ်ကျေနပ်မှုကိုပေးဆောင်နိုင်သည့် ကုန်ပစ္စည်းများဖြစ်ပါသည်။
GAP-PRODUCTIONS

Daw Khin Khin HLA
(Production Manager)
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လယ်သမားများ ၏ ကွဲပြားသော လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အရည်အသွေး ပြည့်ဝသော စိုက်ပျိုးရေး ထုတ် ကုန်များကို Selected Star Agribusiness Company မှ ဂုဏ်ယူစွာ ထုတ် လုပ်ပေးလျှက် ရှိပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီမှ ထုတ်လုပ်ထားသော ကုန် ပစ္စည်းများသည် သဘာဝ ကုန်ကြမ်း ပစ္စည်းများကိုသာ အခြေခံပြီး ထုတ် လုပ် ထားသည့် ပစ္စည်းများသာ ဖြစ်ကြောင်း အာမခံ ပြောကြားလိုပါသည်။
Selected Star Agribusiness Company မှ GAP အမှတ်တံဆိပ်ဖြင့် သဘာဝမြေသြဇာ၊ စပ်မြေ၊ ဘိုကာရှီ မြေသြဇာ၊ အရိုးမှုန့်၊ ငါးအမိုင်နို၊ CEM၊ အိမ်တွင်း ပန်းအလှစိုက်ပျိုးရေးအတွက် Cactus Potting Mix Succulent Potting Mix အစရှိသည့် မြေသြဇာများအား စံချိန်စံနှုန်းများနှင့်အညီ ထုတ်လုပ်လျှက်ရှိပါသည်။
မြေဆီလွှာ ကျန်းမာရေးကို မြှင့်တင်ရန် လုပ်ဆောင်နေသော အသေးစား လယ်သမားတစ်ဦး ဖြစ်စေ၊ သီးနှံအထွက်နှုန်းကို အကောင်းဆုံး ဖြစ်အောင် ရှာဖွေနေသော အကြီးစား စိုက်ပျိုး ရေး လုပ်ငန်းတစ်ခု ဖြစ်စေ ကျွန်ုပ်တို့တွင် သင်၏ လယ်ယာမြေ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပံ့ပိုးပေးရန် အတွက် မှန်ကန်သော ထုတ်ကုန်များ ရှိနေကြောင်းထပ်မံ အသိပေးအပ်ပါသည်။
WE BELIEVE IN THE POWER OF PROGRESS.EVERY CHALLENGE IS AN OPPORTUNITY TO GROW, INNOVATE, AND PAVE THE WAY FOR A BRIGHTER FUTURE ....

GAP PRODUCTS

GAP သဘာဝမြေသြဇာသည် စွန်ပစ်လက်ဖက်ရွက်များကို အခြေခံပြီး ထုတ်လုပ်ထားသော သဘာဝအော်ဂဲနစ် မြေသြဇာဖြစ်ပြီး မြေပျက်ခြင်းကို ပြုပင်ပေး၊ကာကွယ်ပေးနိုင်သည်။ မြေ အချဥ်ဓာတ် အငန်ဓာတ်များကို ထိမ်းညှိ မျှတစေပြီး သီးနှံပင်မှ အဟာရ စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေပါ သည်။ မြေဆီလွှာ၏ ရုပ်ဒြပ်နှင့် ဇီဝဂုဏ်သတ္တိများကို မူလအခြေအနေထက်ပိုမို ကောင်း မွန် လာ စေနိုင်ပါသည်။ လက်ဖက်ရွက်များတွင်ပါရှိသော အကျိုးပြု အဏုဇီဝ အစွမ်းကြောင့် သီးနှံပင်များ၏ မြေဆောင် ရောဂါနှင့် ဖျက်ပိုးဒဏ်များကို ခံနိုင်ရည် ရှိပါသည်။ သီးနှံပင်၏ အရွက်အစိမ်းရောင်ကြာရှည်ခံပြီး အပင်အဟာရချို့တဲ့မှု မဖြစ်ပေါ်စေနိုင်ပါ။ သီးနှံပင် ဖွံဖြိုးမှုကို မြန်ဆန်စေပါသည်။ သီးနှံအထွက်နှုန်း ကိုလည်း သိသိသာသာတိုးတက်စေနိုင်ပါသည်။ GAP သဘာဝမြေသြဇာတွင် အဓိကအဟာရ ဖြစ်သော(NPK) ပါဝင်မှု အပြင် အနည်းလို (Ca, Mg, S, Organic Matter) နှင့် အကျိုးပြုဇီဝများ တိကျစွာ ထည့်သွင်း ထားသဖြင့် မိုးခေါင်ခြင်း၊ ရေငတ် ခြင်း၊ ရေကြီးခြင်းနှင့် ရာသီဥတုဖေါက်ပြန်မှု စရှိသည့် ဒါဏ်များကိုလည်း ခံနိုင်ရည်ရှိစေပါသည်။ ထွက်ရှိလာသော သီးနှံများသည်လည်း အရည်အသွေးကောင်းမွန်ကာ အလေးချိန်စီးပြီး တာရှည် အထား ခံနိုင်ပါသည်။ ပတ်ဝန်းကျင်၊ လူနှင့် သတ္တဝါများအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ အော်ဂဲနစ် စိုက်ခင်းများအတွက် အထူးစီမံထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
Our Clients

GAP စပ်မြေတွင် မြေတွင်းအောင်းပိုးများ ရာဂါများ ကင်းစင်ပြီး ပေါင်းမျိုးစေ့၊ အပင်နှင့် သက်ရှိ များ အတွက် အဆိပ်အတောက်များ ကင်းရှင်းစေရန်အတွက် အဓိကဦးစားပေးကာ ဖော်စပ် ထား ပါသည်။ ထို့အပြင် GAP စပ်မြေတွင် သင့်တင့်မျှတသည့် pHနှင့် အမြစ်ဇုံ အတွင်း လေ ဝင်လေ ထွက် ကောင်း မွန်စေပြီး အစိုဓာတ်နှင့် အပင်အဟာရများကို ထိန်းသိမ်းနိုင်စွမ်း ရှိပါသည်။ GAP စပ်မြေအား မျိုးစေ့မှစကာ အပင်ငယ်များမှ အရွယ်ရောက် အပင်များ အထိ အသုံးပြု နိုင်ပါသည်။





